မုန့်တီသုပ် (ဗမာသုပ်)
ကဲဒီနေ့ညနေလေးတော့အလုပ်ကပင်ပန်းလာတော့ချက်မစားတော့ပဲ မိုးအေးအေးလေး မုန့်တီသုပ်လေးနဲ့ဘူးသီးဟင်းခါးလေးပဲလုပ်စားကြရအောင်နော်…….
မုန့်ဖတ်သုပ်လုပ်စားဖို့ဒါလေးတွေပဲလိုပါတယ်…သိပ်များများစားစားမလိုပါဘူး….
- မုန့်တီ
- ကြက်သွန်
- ကြက်သွန်ဖြူ
- ကြက်ဥ
- ပဲကပ်ကြော်
- ပဲမှုန့်
- ပုစွန်ခြောက်မှုန့်
- ဆီ
- ဆား
- နနွင်းမှုန့်
- ငံပြာရည်
- ငရုတ်သီးမှုန့်
- မန်ကျီးသီးမှည့်
- နံနံပင်
- အချိုမှူန့်
ပထမဆုံးဆီထဲနနွင်းမှုန့်လေးနည်းနည်းထည့်ကြက်သွန်ဖြူလေးပါးပါးလှီးပြီး
ဆီချက်လေးလေးလုပ်ရပါတယ်။ ပြီးရင်ကြက်သွန်နီလေးပါးပါးလှီးပြီး ရေလေးဆေးထားလိုက်ပါ။
အဲဒီနောက်မှာ ကြက်ဥလေးကိုရေနွေးပွတ်ပွတ်ဆူထဲမှာပြုတ်ထားလိုက်ပါ။
မန်ကျည်းသီးမှည့်လေးကိုရေနွေးလေးနဲ့အချည်ရေဖျော်လိုက်ရပါမယ်။
ပဲကပ်ကြော်လေးကို နည်းနည်းချေထားပေးပါ။
ကဲအားလုံးပြီးသွားရင် ပန်းကန်ပြားကြီးကြီးလေးမုန့်ဖတ်လေးတွေကိုထည့်လိုက်ပါ။
ဆီချက်လေးအသင့်အတင့်ထည့်လိုက်။ေ၇ဆေးထားတဲ့ကြက်သွန်နီလေးပါထည့်လိုက်ပါ။
ပြီးရင် ဆားနည်းနည်း,အချိုမှုန့်နည်းနည်း,ငံပြာရည်နည်းနည်း(အသုတ် လေးလေးပင်ပင်အရသာရှိရန်),
ပဲမှုန့်, မန်ကျည်းသီချဉ်ရည်, ပုစွန်ခြောက်မှုန့်အနည်းငယ်, ချေထားတဲ့ပဲကပ်ကြော်လေးရယ်,
ငရုတ်သီးမှုန့်လေးနဲ့ အားလုံးရောသမမွှေပြီးနယ်လိုက်ပါ။ နံနံပင်လေးကိုပါးပါးလှီးပြီး ဖြန်းလိုက်ပါ။
ပြီးလျှင်အပေါ့အငန် အချဉ်အစပ်မြည်းပြီး မိမိလိုသလောက်ထပ်မံဖြည့်စွက်ပါ။
အားလုံးပြည့်စုံပြီဆိုရင် စောနကပြုတ်ထားတဲ့ကြက်ဥလေးကိုလှီးပြီး
မုန့်ဖတ်သုပ်ပေါ်ကနေအုပ်လိုက်ပါ။
ကဲမုန့်ဖတ်လေးသုပ်လေးပြီးပြီဆိုတော့
မုန့်ဖတ်သုပ်လေးနဲ့လိုက်တဲ့ဘူးသီးဟင်းခါးလေးချက်လိုက်ကြရအောင်နော်……
ဘူးသီးဟင်းခါးလုပ်ဖို့ သိပ်များများစားစားမလိုပါဘူး။
ဒါလေးတွေပဲလိုပါတယ်……..
- ဘူးသီး
- ပုစွန်ခြောက်အနည်းငယ်
- ဆား
- ကြက်သားမှုန့်(သို့မဟုတ်)အချိုမှုန့်
- ကြက်သွန်ဖြူအနည်းငယ်
ပထမဆုံး ရေနွေးလေးတည်ပြီးပွတ်ပွတ်ဆူလာရင်
ကြက်သွန်ဖြူအခွံနွှာပြီးထောင်းထားတာလေးကိုထည့်လိုက်ပါ။
ပြီးရင်ဘူးသီးလေးကိုလှီးပြီးထည့်လိုက်ပါ။
ပုစွန်ခြောက်, ကြက်သားမှုန့်(သို့မဟုတ်)အချိုမှုန့်, ဆားတို့ထည့်ပြီးတည်လိုက်ပါ။
ဘူးသီးလေးနုလာရင်ချလို့ရပါပြီ။
ကဲ ဒါဆိုရင်တော့ဒီသောကြာနေ့ညစာလေးဟာ
အလွန်ပဲမြိန်ရှက်လှတဲ့ညနေစာပဲဖြစ်မှာပါ။
ဝမှာကိုစိုးရိမ်ပြီး အစားလျှော့တဲ့သူတွေအတွက်လည်း
အထူးသင့်လျော်မယ်လို့ထင်ပါတယ်ရှင်………
မိုးလေးအေးအေးနဲ့စပ်စပ်လေး ရှုရှဲရှုရှဲ စားလိုက်ကြအုံးနော်…..
ပဲပင်ပေါက်သုပ်
ပို့စ်အသစ်မတင်ပေးရတာတော်တော်ကြာသွားပါပီ..:P ကဲဒီတခါလည်းအသုပ်လေးပဲစားလိုက်ကြရအောင်နော်..:)
ပဲပင်ပေါက်သုပ်ရန်အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့
♦ ပဲပင်ပေါက်
♦ ပုဇွန်ခြောက်
♦ ငရုတ်သီးအကြမ်းဖတ်
♦ ကြက်သွန်ဖြူအနည်းငယ်
♦ ဆား
♦ အချိုမှုန့် အနည်းငယ်
♦ ဆီချက်သတ်ရန် ဆီအနည်းငယ်
♦ သံပုရာသီး
တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်း
ပုဇွန်ခြောက်ထောင်းထားရပါမည်၊ ကြက်သွန်ဖြူအား ဆီချက်သတ်ရန် ပါးပါးလှီးပါ၊ ပဲပင်ပေါက်အား ရေစင်အောင်ဆေးပြီး ပွက်ပွက်ဆူနေသောရေနွေးဖြင့် အစိမ်းနံ့မရစေရန် ခဏအဖုံးအုပ်ထားရပါမည်၊ ပြီးလျှင် ကြက်သွန်ဖြူဆီချက်သတ်ပြီးပါက ကြက်သွန်ဖြူများအားအရင်ဆယ်ထားရပါမည်၊ ဆီချက်သတ်ထားသော ဆီဖြင့် ငရုတ်သီးအကြမ်းဖတ်အား မီးအနည်းငယ်ဖြင့်သာ ဆီချက်ထပ်သတ်လိုက်ပါ၊ အားလုံးပြီးပါက ရေနွေးဖျောထားသောပဲပင်ပေါက်အား ရေစစ်လိုက်ပါ၊ ပြီးနောက် ပုဇွန်ခြောက်၊ ဆား၊အချိုမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ငရုတ်သီးဆီချက် များထည့်ပြီး သံပုရာသီးညှစ်၍ သမအောင်နယ်လိုက်ပါက အသင့်စားသုံးနိုင်သော ပဲပင်သုပ်တစ်ပွဲဖြစ်သွားပါပြီ။ လွယ်ကူရိုးရှင်းတဲ့အသုပ်တစ်ပွဲပဲဖြစ်ပါတယ်…အားလုံးပဲကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…
ကြက်သွန်ဖြူဆီချက်သတ်ပြီးဆယ်ထားတာပါ
ငရုတ်သီးအကြမ်းဖတ်ဆီချက်သတ်ထားတာလေးပါ
အာလူးနဲ့ ကြက်ဥ မွှေကြော်
အခုချက်ပြမဲ့ ဟင်လေးကတော့ ချက်ရတာ လွယ်ကူပီး အရသာရှိတဲ့ အရံဟင်းလေး တမျိုးပါ.. ကြက်ဥနဲ့အာလူးမွှေကြော်လေးဖြစ်ပါတယ်….
လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥတလုံး၊ အာလူးအရွယ်တော် ၃၊၄ လုံး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ၊အနည်းငယ်၊ ဆီ၊ ဆားတို့လိုအပ်ပါတယ်.
Read the rest of this entry »
ပဲစောင်းငါးသီးသုပ်
ပဲစောင်းငါးသီးသုပ်ရန် လိုအပ်သောပစ္စည်းများမှာ-
ပဲစောင်းငါးသီး
ပုဇွန်ခြောက်
ပဲမှုန့်အကျက်မှုန့်
ကြက်သွန်နီ
ငရုတ်သီးစိမ်း
သံပုရာသီး
ဆား၊အချိုမှုန့်
ဆီချက်(ကြက်သွန်နီဖြင့်သတ်ထားသောဆီချက်)
ပြုလုပ်နည်း
ပဲစောင်းငါးသီးများအား အနည်းငယ်နူးစေရန် ရေနွေးဖျောရပါမည်။ ပုဇွန်ခြောက်ထောင်းထားရပါမည်၊ ကြက်သွန်နီအား ပါးပါးလှီးပြီး
ရေဆေးကာ ရေစစ်ထားရပါမည်။ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးထားပါ၊ ပဲစောင်းငါးသီးများ ရေနွေးဖျောပြီးပါက မထူမပါးလှီးပါ၊ ရေစစ်ထားသောကြက်သွန်နီထည့်ပါ၊ ပုဇွန်ခြောက်၊ ပဲမှုန့်အကျက်မှုန့်၊ ဆား၊အချိုမှုန့်၊ သံပုရာသီးညှစ် ထည့်ပြီး ဆီချက်ထည့်ကာနှံ့အောင်မွှေပြီးပါက အသင့်စားသုံးနိုင်ပြီး အရသာရှိသော ပဲစောင်းငါးသီးသုပ် ဖြစ်သွားပါပြီ။ 
ဝက်အူမကြီးရခိုင်သုပ်
ဝက်အူမကြီးရခိုင်လိုသုပ်ရန် လိုအပ်သောပစ္စည်းများမှာ-
ဝက်အူမကြီး
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ငပိစိမ်းဆား
သံပုရာသီး
နံနံပင်
ဆား၊အချိုမှုန့် တို့ပဲဖြစ်ပါတယ်။
ပြုလုပ်နည်း
ပထမဦးစွာ ၀က်အူမကြီးအားနူးအောင်ပြုတ်ရန်လိုအပ်ပါသည်။ ၀က်အူမကြီးပြုတ်ထားချိန်တွင် ငပိစိမ်းဆားအားအနည်းငယ်မီးကင်ရပါမည်၊ ပြီးပါက ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ကင်ထားပြီးသား ငပိတို့အားရောပြီး ထောင်းပါ။ ၀က်အူမကြီးနူးပြီဆိုပါက ပန်းကန်ထဲထည့်ပြီး အသင့်ထောင်းထားသော ငရုတ်သီးများ၊ ဆား အချိုမှုန့် သင့်တော်ရုံထည့်ကာ သံပုရာသီးညှစ်၊ နံနံပင်အုပ်ပြီး အသင့်စားသုံးနိုင်ပါပြီ။ အရမ်းကိုလွယ်ကူရိုးရှင်းသောအသုပ်လေးဖြစ်ပါတယ်။။











